Thursday, July 9, 2015

ဦးသန့် အိမ်


ကုလသမဂ္ဂအထွေထွေ အတွင်းရေမှူး ဦးသန့်ရဲ့ နေအိမ်ဟာကမာရွတ်မြို့နယ်၊ ပန်းဝါလမ်းမှာတည်ရှိပါတယ်။ အတွင်းရေးမှူးချုပ်တာဝန်ကို မထမ်းဆောင်ခင်ကာလ ၁၉၅၁ ခုနှစ်ကနေ ၁၉၅၇ ခုနှစ်အထိ ယခုနေအိမ်မှာ နေထိုင်ခဲ့တာ ဖြစ်ပြီးနှောင်းပိုင်းကာလတွေမှာ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခဲ့တဲ့အတွက် Yangon Heritage Trust ရန်ကုန်မြို့ပြအမွေအနှစ် စောင့်ရှောက်ရေး အဖွဲ့က  ပြန်လည် ပြင်ဆင်ခဲ့ပါတယ်။
ဦးသန့်ရဲ့ဘဝနဲ့ တာဝန်ယူခဲ့တဲ့ အလုပ်တာဝန်တွေကို အမှတ်ရကြစေဖို့ အများပြည်သူ
 လေ့လာနိုင်တဲ့ပြတိုက်ငယ်သဘော ပြောင်းလဲဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာဖြစ်တဲ့အကြောင်း
ဦးသန့်ရဲ့ မြေးဖြစ်သူအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာသန့်မြင့်ဦးက ပြောပါတယ်။ ဦးသန့် နေအိမ်ဟာ ၁၉၂၀ ခုနှစ်က
 ဆောက်လုပ်ခဲ့တာဖြစ်ပြီး ယခုအခါမှာ နှစ်ပေါင်း ၁၀၀ နီးပါး ရှိပြီ ဖြစ်ပါတယ်။

Coming Home

Wednesday, July 8, 2015

မြို့ပြအိပ်မက်မှ အတွေး





ခေတ်မီတိုက်တာတွေနဲ့ မြို့ပြလူနေထိုင်မှုစနစ်မှာ အကျွမ်းတ၀င်ရှိသူတွေ အနေနဲ့တော့ ဒီလို အိမ်ပုံစံလေးတွေကို 
သဘောကျမှာ မဟုတ်ပါဘူး။ နယ်မြို့လေးတွေမှာ ရိုးရိုးရှင်းရှင်း နေထိုင်ကြတဲ့ လူနေမှုဘ၀ပုံစံလေးတွေဟာ
မြန်မာ့လူ့အဖွဲ့အစည်းမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အိမ်သာရင် ဧည့်လာဆိုတဲ့ အတိုင်း နေထိုင်ရာ လူမှု
ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်၊ ဘာသာရေး၊ လူမှုရေး၊ သာရေးနာရေးတွေ ၀ိုင်းဝန်း
စုပေါင်းနေထိုင်လုပ်ကိုင်ရင်း ပျော်မွေ့တတ်ကြတဲ့ အေးအေးချမ်းချမ်း ရပ်ရွာ ပတ်ဝန်းကျင်တွေဟာ သွားလေရာ 

လာလေရာ လုံခြုံစိတ်ချမှု နည်းပါးလာနေတဲ့  မြိုပြ ပတ်ဝန်းကျင်အချိုနဲ့ နှိုင်းစာရင် နေချင့်စဖွယ် ဒေသလေးတွေပါပဲ။
ဒီလို ဒေသတွေကနေ ရှင်သန်ကြီးပြင်းလာခဲ့တဲ့ သူတွေအဖို့ ရေကြည်ရာ မြက်နုရာ
ဆိုသလို ၀မ်းစာအလျောက်၊ ပညာရေးအလျောက်၊ ဘ၀ရပ်တည်မှုအရ  အလုပ်အကိုင်နေရာဒေသတွေ ရွေ့လျား

သွားကြပေမယ့် အေးချမ်းတဲ့ လူမှု ပတ်ဝန်းကျင်ဒေသ သဘာဝ လွတ်လပ်မှု၊ အေးချမ်းမှု ပိုမိုပြည့်စုံတဲ့
နယ်ဒေသလေးတွေကို သတိတရ ရှိနေတတ်ကြမယ် ထင်ပါတယ်။


✍ Coming Home

Popular Posts