ခေတ်မီတိုက်တာတွေနဲ့ မြို့ပြလူနေထိုင်မှုစနစ်မှာ အကျွမ်းတ၀င်ရှိသူတွေ အနေနဲ့တော့ ဒီလို အိမ်ပုံစံလေးတွေကို
သဘောကျမှာ မဟုတ်ပါဘူး။ နယ်မြို့လေးတွေမှာ ရိုးရိုးရှင်းရှင်း နေထိုင်ကြတဲ့ လူနေမှုဘ၀ပုံစံလေးတွေဟာ
မြန်မာ့လူ့အဖွဲ့အစည်းမှာ အများဆုံးတွေ့ရတတ်ပါတယ်။ အိမ်သာရင် ဧည့်လာဆိုတဲ့ အတိုင်း နေထိုင်ရာ လူမှု
ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်အောင်၊ ဘာသာရေး၊ လူမှုရေး၊ သာရေးနာရေးတွေ ၀ိုင်းဝန်း
စုပေါင်းနေထိုင်လုပ်ကိုင်ရင်း ပျော်မွေ့တတ်ကြတဲ့ အေးအေးချမ်းချမ်း ရပ်ရွာ ပတ်ဝန်းကျင်တွေဟာ သွားလေရာ
လာလေရာ လုံခြုံစိတ်ချမှု နည်းပါးလာနေတဲ့ မြိုပြ ပတ်ဝန်းကျင်အချိုနဲ့ နှိုင်းစာရင် နေချင့်စဖွယ် ဒေသလေးတွေပါပဲ။
ဒီလို ဒေသတွေကနေ ရှင်သန်ကြီးပြင်းလာခဲ့တဲ့ သူတွေအဖို့ ရေကြည်ရာ မြက်နုရာ
ဆိုသလို ၀မ်းစာအလျောက်၊ ပညာရေးအလျောက်၊ ဘ၀ရပ်တည်မှုအရ အလုပ်အကိုင်နေရာဒေသတွေ ရွေ့လျား
သွားကြပေမယ့် အေးချမ်းတဲ့ လူမှု ပတ်ဝန်းကျင်ဒေသ သဘာဝ လွတ်လပ်မှု၊ အေးချမ်းမှု ပိုမိုပြည့်စုံတဲ့
နယ်ဒေသလေးတွေကို သတိတရ ရှိနေတတ်ကြမယ် ထင်ပါတယ်။
✍ Coming Home

No comments:
Post a Comment